Tuesday, October 16, 2012
Thursday, September 6, 2012
ပထမ စေတီတော်
ပထမ စေတီတော်
မန်းရွှေစက်တော်ဘုရားသည် မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ် တွင်တည်ရှိပါသည်။ မင်းဘူးမြို့နှင့် (၃၂) မိုင် ကွာဝေးပါသည်။(၁၀၈)ကွက် စက်လက္ခဏာနှင့် ပြည်စုံသော မြတ်ဗုဒ္ဓ၏ ခြေတော်ရာ အစစ်ဖြစ်သောကြောင့် စက်တော်ရာ ဘုရားဟုခေါ်တွင်ပြီး
၊ မန်းချောင်းအနီးတွင် တည်ရှိသဖြင့် မန်းစက်တော်ရာ ဘုရားဟုခေါ်ပါသည်။ တနည်းအားဖြင့် မန်းရွှေစက်တော်ရာဘုရားဟုခေါ်ကြပါသည်။
မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း တပိုတွဲလဆန်း (၅)နေ့တွင် စတင်ဖွင့်  လှစ်ပီးမြန်မာနှစ်ဆန်း(၁)ရက်ထိကျင်းပ

ပါသည်။ ဗုဒ္ဓဘုရားရှင်သည် စန္နကူးနံ့သာ ကျောင်းတော်ရာသို့ သီတင်းသုံးရန်ကြွချီလာပါသည်။ မင်းဘူး စက္ကိန်းတဲဘုရားနေရာတွင်
ကျိန်းစက်တော်မူ ခဲ့သောကြောင့် ထိုနေရာတွင် စက္ကိန်းတဲစေတီကို တည်ထား ကိုးကွယ်ကြပါသည်။ ဘုရားရှင် ကျိန်းစက်တော်မူခဲ့သော မြသား သလွန်တော်ကို မကွေးဘက်မှ ဘီလူးညီနောက် လာရောက် တောင်းပန်ယူဆောင်ပီး မြသလွန်ကို ဌာပနာ၍
မကွေး ဘက်ကမ်းတွင် မြသလွန်စေတီတော်ကို တည်ထား ကိုးကွယ်ပါသည်။ အပြန်လမ်းတွင် မုဆိုးနှင့်နဂါးတို့တောင်းပန်သောကြောင့် အထက်စက်တော်ရာ နှင့် အောက်စက်တော်ရာ ခြေတော်ရာများကိုချထားတော်မူခဲ့ပါသည်။
မန်းစက်တော်ရာခြေတော်ရာများသည် ဘုရားရှင်ကိုယ်တော်တိုင်ချထားသော ခြေတော်ရာများ ဖြစ်သဖြင့်သွားရောက်ဖူးမျှော်သင့် သလိုပျော်ရွှင်စရာ ကောင်းသော အညာဒေသ၏ စိမ့်စမ်းရေ မန်းချောင်းတွင်ရေချိုးရသော အရသာကိုလည်း ခံစားကြည့်သင့်ပါသည်။ ဘုရားလည်းဖူးရ၊ ပျော်ရွှင်စွာရေလည်းကစားရ ရေချိုးလည်းရ၊ ဘေးမဲ့တောတွင်လည်း လှည့်လည်ကြည့်ရှု့၍ သဘာဝတော အရသာကို ခံစားနိုင်မည်ဖြစ်ပါသည်။
အထွေထွေမှတ်စု-htunlinaung
မူရင်းလင့်-http://htunlinaung23.blogspot.com/2009/09/blog-post_5452.html

Friday, August 31, 2012
ရင်ခွင်တံခါး
ချစ်သူ
မင်းနဲ့ငါ ချစ်ခဲ့တာ
အိမ်မက်တွေ မဟုတ်ဘူး
တစ်ယောက်နဲ့တစ်ယောက်
ချစ်ခဲ့လည်း
အိမ်မက်ထဲမှာ
ခံစားရင်း ငိုခဲ့ရတယ်
လက်တွေ့ ဘ၀ဟာ
တကယ်ကို ခါးသက်လွန်းတယ်
ချစ်သူတွေ
ပေါင်းစပ်ဖို့ ဆုတောင်းနေမယ်
တို့တွေချစ်ခဲ့တယ်
ပြန်လာခဲ့ပါ
ရင်ခွင်ဟောင်းကို
စွန့်ပစ်ထားခဲ့မလား
နှစ်သိမ့်ပေးလှည့်ပါ
လာမယ်ဆို အမြဲဖွင့်ထားမဲ့
ရင်ခွင်တံခါး
မင်းနဲ့ငါ ချစ်ခဲ့တာ
အိမ်မက်တွေ မဟုတ်ဘူး
တစ်ယောက်နဲ့တစ်ယောက်
ချစ်ခဲ့လည်း
အိမ်မက်ထဲမှာ
ခံစားရင်း ငိုခဲ့ရတယ်
လက်တွေ့ ဘ၀ဟာ
တကယ်ကို ခါးသက်လွန်းတယ်
ချစ်သူတွေ
ပေါင်းစပ်ဖို့ ဆုတောင်းနေမယ်
တို့တွေချစ်ခဲ့တယ်
ပြန်လာခဲ့ပါ
ရင်ခွင်ဟောင်းကို
စွန့်ပစ်ထားခဲ့မလား
နှစ်သိမ့်ပေးလှည့်ပါ
လာမယ်ဆို အမြဲဖွင့်ထားမဲ့
ရင်ခွင်တံခါး
Subscribe to:
Posts (Atom)